Thursday, October 12, 2017
=====အတွေးတွေရောင်းသောဆိုင်နှင့် အတွေးပြခန်း အခန်း ၁ ====
ကျွန်တော် ဆိုင်ဖွင့်ထားတာမကြာသေးပါဘူး ဈေးထဲမှာတော့ အတော်အသင့်ရောင်းကောင်းတဲ့ဆိုင်တဆိုင်ပါပဲ ရောင်းအားလည်းကောင်းပါတယ် ဖောတ်သည်တွေလည်းတော်တော်တိုးလာတယ်ပြိုင်ဘက်ဆိုင်တွေကလည်းဒီအတောတွင်းတိုးတိုးလာတဲ့အတွက် ရှေ့ဆက် နယ်မြေအသစ်ရှာရအုန်းမယ်။ ကျွန်တော့်ဆိုင့်လေးနဲ့မိတ်စပ်ပေးပရစေ။အတွေးတွေရောင်းသောဆိုင်။ဟုတ်ပါတယ် ဆိုင်မှာအတွေးတွေးရောင်းတယ် အတွေးတွေသားဖောတ်တယ် အတွေးတွေဝယ်လည်းဝယ်ပါတယ်။
ဒီဆိုင်းလေးမှာ တခါသုံးအတွေးတွေ လစဉ်သုံးအတွေးတွေ လိုအင်ဆန္ဒအတွေးတွေ ရှားပါးသောအတွေးတွေ ကြာရှည်သုံးအတွေး ပျက်စီးလွယ်သော မပျက်စီးလွယ်သောအတွေး နိုင်ငံရေး ဘာသာရေး လူမှု့စီးပွားရေးဆိုင်ရာအတွေးများ အတွေးကုန်ကြမ်းများ နှင့် အတွေးကုန်ချောများ အာရုံပိုင်းဆိုင်ရာ ကိလေသာပိုင်းဆိုင်ရာအတွေး ပညာပိုင်းဆိုင်ရာအတွေးများ ပီတိဖြစ်ဖွယ်အတွေး အေးချမ်းဖွယ်အတွေး ကြောက်စရာအတွေး ပျင်းစရာအတွေး လွတ်မြောက်ဖွယ်အတွေးများ စသည့်စသည့် အတွေးတွေကိုရောင်းချတဲ့ဆိုင်ကြီးဖြစ်ပါတယ်။
ဲဖောက်သည်အလွန်အများပြားတဲ့အတွက် ဝန်ထမ်းအယောက် နှစ်ဆယ်လောက်တော့ထား ထားရတယ်။တချို့ကတော့ အတွေးတွေရောင်းချရတယ် တချို့အတွေးတွေလိုက်ရှာဝယ်ရတယ် တချို့အတွေးပိုင်းဆိုင်ရာသားဖောက်ရတယ် (ထိုင်တွေးရတယ်ပေါ့ဗျာ)တချို့စရင်းလုပ်ရတယ် အတွေးကုန်ကြမ်းရှာဖွေခြင်း ကုန်ချောထုပ်လုပ်ခြင်းတွေကို ဆိုင်ရာဝန်ထမ်းတွေလုပ်ဆောင်ကြရတယ်။ကျွန်ုပ်တို့ကိုယ်တိုင်ကပဲ အတွေးတွေကိုထုပ်လုပ်သူ ရောင်းချသူ စားသုံးသူဖြစ်နေကြောင်း ကိုတော့ ဒီနေရာမှာကြိုတင်ဝံခံထားရမှာပါပဲ။ကျွန်ုပ်ဆိုင်ရဝန်ထမ်းတွေကလည်း တခါတခါ အတွေးတွေကို အောက်ဆိုဒ်ထုပ်ယူတက်တယ် လခနဲ့ပတ်သက်ပြီး ထိုက်သင့်တဲ့အတွေးလခများ အတွေး ဘောနပ်များကို စိတ်ကျေနပ်လောက်ထိပေးထားပေမဲ့။အကန့်သတ်မရှိသော လိုအင်ဆန္ဒများကိုပိုင်ဆိုင်ထားတဲ့အတွက် သူတို့ရရှိသော အတွေးလခများကတော့ အကန့်အသတ်ရှိနေပါသောကြောင့် သူတို့ဟာ လိုအပ်တဲ့အတွေးတွေကိုချွေတာသုံးစွဲဖို့လိုပါတယ်။ဒီလိုမှမဟုတ်ရင် မလိုလားအပ်သောအတွေးတွေကိုသာ သူတို့ပိုင်ဆိုင်သွားရမှာဖြစ်ပါတယ် ဒါတွေကတော့ ဆင်းရဲသောအတွေးတွေဖြစ်ပါလိမ့်မယ် များသောအားဖြစ် ဝန်ထမ်းတော်တော်များများဟာ ဆင်းရဲသောအတွေးတွေကိုပိုင်ဆိုင်ထားကြပါတယ် တဖတ်ပိတ်အတွေးတွေပေါ့ဗျာ။တခါတလေ ဝန်ထမ်တွေဟာ စည်းကမ်းမရှိကြပါဘူး တနေ့ကဆိုင်မှာ တင်ထားတဲ့ ကာမဂုဏ်အတွေးတချှိုကို စားသုံးနေတာကိုတွေ့လိုက်ရတယ် သူတို့ကိုအတွေးတချို့နဲ့တားစီးရအုန်းမယ် ကြောက်စရာအတွးတခုခုနဲ့ပေါ့။ဒီအတောတွင်း နိုင်ငံရေးကလည်းသိပ်မတည်ညိမ်တော့ ကြောက်မက်ဖွယ်ရာအတွေးတွေကို အဖွဲ့စီးတချို့ကလာဝယ်သွားတာနဲ့ ဆိုင်မှာကုန်နေပြီ။အတွေးကုနကြမ်းရှာဖွေသူတွေနဲ့ဆက်သွယ်ရအုန်းမယ်။
ကျွန်ုပ်ဆိုင်ကား လက်လီ လက်ကားဆိုင်ဖြစ်တော့ဖောတ်သည်တချို့နဲ့မိတ်ဆက်ပေးပရစေအုန်း။ဆိုင်မှာ အများဆုံးရောင်းရတာကတော့ ကာမဂုဏ်အတွေးတွေပါပဲ ဒါပေမဲ့ ဒါတွေကတရားဝင်တော့မဟုတ်ဘူး ခိုးရောင်းရတာပါ လိုင်းကြေးလည်းဆောင်ထားတဲ့အတွက် ပြသနာတော့မရှိပါဘူး။ကာမဂုဏ်အတွေးတွေက လူကြိုက်များတယ်ပါတယ် ကျွန်ုပ်ကိုတိုင်တောင် အလွန်အကျွန်မှီဝဲမိမှာဆိုးလို့မနဲးတားယူထားရတယ် ။
ဘာသာရေးဆိုင်ရာအဖွဲ့စည်း လူမှု့ရေးဆိုင်ရာအဖွဲ့စည်းတွေက အော်ဒါမှာထားတဲ့ ယုံကြည်ခြင်းအတွေး ကြောက်ရွှံ့ခြင်းအတွေး နှစ်သိမ့်ခြင်းအတွေးတွေကတော့ ဆိုင်အတွက် အလွန်အကျိုးများတဲ့ဈေးကွက်တွေပါပဲ။အမှန်တော့ ထိုအဖွဲ့စည်းများ လူသားများမရှိရင် ဆိုင်ဟာ ဘယ်လိုမှရပ်တည်နိုင်မှာမဟုတ်ပါဘူး များသောအားဖြင့် ကာမဂုဏ်အတွေးတွေကိုရောင်းချရခြင်းကလည်း ဖောက်သည်တွေရဲ့လိုအပ်ချက်ကြောင့်ပါ။အမှန်တော့ သူတို့ရဲ့လိုအပ်ချက်အတိုင် ကျွန်ုပ်တို့မှာလည် မှာယူသောအတွေးတွေကို အမြန်ဆုံးရရှိအောင်ကြိုးစားပေးရတာပါပဲ သူတို့ဟာ အတွေးတွေကိုစားသုံးသူလို့ဆိုပေမဲ့ ကျွန်ုပ်တို့ဆိုင်ကလည်း တဖက်ကကြည့်ရင် စားသုံးသူပါပဲ။ဒီနေရာမှာ စားသုံးသူဆိုတာကို သိပ်ပြီးအဓိပ္ပာယ်မဖွင့်တော့ပါဘူး။အိမ်အတွက် ဇနီးမယားအတွက် အဖွဲ့စည်းအတွက် မိမိအတွက် ကိုယ်တိုင်သုံးစွဲသည်ဖြစ်စေ သူတပါးသုံးစွဲဖို့အတွက်ဖြစ်စေ လာရောက်ဝယ်ယူအားပေးသူတိုင်းကို စားသုံးသူဟုခေါ်ပါတယ်။
ဆိုင်မှာဒုတိယအရောင်းရဆုံးအတွေးတွေကတော့ တဖက်ပိတ်အတွေးတွေနဲ့ အစွန်းရောက်အတွေးတွေပါပဲ။ရောင်းအားလည်းကောင်းပါတယ် မျိုးမျိုးမြတ်မြတ်လေလည်းရတော့ ရှေ့ဆိုကြီးပွားမဲ့အလားလာရှိပါတယ် ဝယ်ကြတဲ့ဖောက်သယ်တွေကိုတော့ ကတ်စတမ်မာ၏ ဂုဏ်သိက္ခာအရပြောခွင့်မရှိပါဘူး။သူမှာထူးခြားဒါက အဲ့အချက်လက်တွေပါပဲ။ကာမဂုဏ်အတွေးင်္တေကို ဝယ်သူတဲ့သူတွေကတော့ ဒီအချက်ကိုစောင့်သည်းစရာမလိုပါဘူး။တဖက်ပိတ်အတွေး အစွန်းရောက်အတွေး တွေကိုဝယ်ယူတဲ့သူတွေအတွက်တော့ စောင့်ထိန်းပေးရပါတယ်။သူတို့ဟာ အဖွဲ့စည်းတော်တ်ာများများကပါ ဝယ်လိုအားလည်းအလွန်ကောင်းကြပါတယ်။ကျွန်ုပ်ကတော့ သူတို့လာဝယ်ရင် တချီတချီအလွန်အကျိုးမြတ်ဖြစ်ထွန်းတဲ့အတွက် မဝယ်ဝယ်အောင်နိုးဆော်နေရမှာလည်း ကျွန်ုပ်တာဝန်တရပ်ပါပဲ။
ဆိုင်မှာရောင်းအားမကောင်းသော အတွေးတချို့ရှိပါတယ် တည်ငြိမ်ခြင်းအတွေး လွတ်မြောက်ခြင်းအတွေး မျော်မြင်တွေးခေါ်တက်သောအတွေးတွေပါပဲ။ရောင်းအားမကောင်းဘူဆိုတာကလည်း လက်လီစားသုံးသူတွေအတွက်ပါ နိုင်ငံရေး ဘာသာရေး လူမှု့ရေးပိုင်း ဆိုင်ရာအဖွဲ့စည်းတချို့ကတော့ ဝယ်ယူကြပါတယ်။ဆိုင်မှာမှိုတက်မဲ့ကုန်ကြမ်းကိုပြပါဆိုရင်တော့ ထိုအတွေးတွေကိုသာပြရမှာပါ။နိုင်ငံရေးအတွေး ဘာသာရေးအတွေးတွေကတော့ ဒုတိယအရောင်းရဆုံးစရင်းထဲထည့်ရမှာပါပဲ။သိပ်ရောင်းကောင်းတဲ့အတွေးတွေပေါ့ ။
ဒီအတွေးတွေကို လွတ်လပ်စွာမှီဝဲလို့ရပါတယ် ဒါပေသိ ဘေးထွက်ဆိုးကျိုးတွေကိုတော့ဆိုင်ကတာဝန်မယူပါဘူး။အိပ်စပယ်ရ်ဒိတ် မရှိပါဘူး ဟိုးရှေးရှေးကတည်းက လောကမှာဖြသ်ပေါ်နေတဲ့အတွေးတွေပါ အသစ်တွေမဟုတ်ပါဘူး ဒီအတွေးတွေဟာ ပုံစံတမျိုး အသွင်တမျိုးနဲ့ပြန်ရောက်လာတာပါလို့ဆိုင်မှာ ကြေငြာထားပြီးသားပါ ဝယ်ယူသူတွေကတော့ ဘယ်လိုပြောေ့ပြာ နားဝင်မှာတော့မဟုတ်ဘူး ဒါကလည်းကျွန်ုပ်တာဝန်မဟုတ်ဘူးလေ ကျွန်ုပ်ကဘုရားသခင်မှမဟုတ်တာ စီမံသူတယောက်သာဖြစ်တယ်။တချို့ကတော့ နည်းလည်ပါတယ် အသုံးပြုစရာရှိလ်ု့ဝယ်တယ် တချို့ကတော့ နားမလည်ဘူး ကာမဂုဏ်ခံစားချင်လို့ဝယ်ယူကြတယ် ရောင်းရမဲ့တာဝန်ကတော့ ဆိုင်ရဝန်ထမ်းတွေရဲ့တာဝန်ပါပဲ။ဒီမြောက်များစွားသေအတွေးတွေဟာ ရှေးကတည်းကပေါ်ပေါက်ပြီးသားကို အထူးပြောစရာမလိုပါဘူး စားသုံးသူတွေရဲ့ ထူးခြားအုန်းမယ်လို့ထင်တဲ့အလိုဆန္ဒကြာင့် ပုံမှားရိုက်ပြီး နဟ်ပယ်အသီးသီးတွေထဲကို ဝငိရောက်လာတယ်ဆိုတာကို တချို့တွေ့ကတော့သိပြီးဖြစ်မှာပါ။အာရုံပြောင်းလဲခံစားခြင်းအရသာဟာ စွဲမတ်စရာတခုဖြစ်သောကြောင့် ကျွန်ုပ်ဆိုင်ကလည်း ရောင်းအားကောင်းနေအုန်းမှာပါ။ဆက်လက်၍ အတွေးတွေကိုသားဖောကိခြင်း ကုန်ကြမ်းရှာဖွေခြင်း အတွေးကုန်ချောထုပ်လုပ်ပုံ အဆင့်ဆင့် တွေနဲ့ရောင်းမရသောအတွေးတွေအကြောင်း ကိုတော့ဆက်လက်တင်ပြပေးသွားပါအုန်းမည်။
#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ
Subscribe to:
Post Comments (Atom)
Featured post
Note::ရှင်ဥက္ကဋ္ဌ နှင့် ဦးမောင် ဝိနိစ္ဆယ များ
#မိစ္ဆာဝါဒကွင်းဆက်များ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို...
Popular posts
-
ကျွန်ုပ်၏ သက်တမ်းသည်အလွန်ရှည်လားလှပေသည် နောင်လည်းအလွန်ကြာမြင့်စွာနေထိုင်ရအုန်းမည်း ကျွန်ုပ်၏လုပ်ငန်းဆောင်တာများသည် အလွန်စိတ်ဝင်စားဖွယ်ကေ...
-
#မိစ္ဆာဝါဒကွင်းဆက်များ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို...
-
တိတ်ဆိတ်သောငြိမ်သတ်သော ကျွန်ုပ်၏အခန်းကျဉ်းလေးသို့ဝင်ရောက်ခါ စာအုပ်စင်မှစာအုပ်တအုပ်ကိုဆွဲထုပ်လိုက်လေသည်။ရုပ်တရက်စာအုပ်ကိုဖွင့်ဖတ်လိုက်ခါ လွန်...
No comments:
Post a Comment