Powered By Blogger

Friday, October 13, 2017

=====ကျွန်ုပ်နှင့် ထူးဆန်းသောမျောက်ကလေးများ====



စာသင်ခန်းထဲသို့မဝင်ခင်ကျွန်ုပ်သည် ဒါဝင်၏အီဗလူးရှင်းသီအိုရီကို သွားသတိရလိုက်သည် ထို့နောက်သနားခြင်း မဟာဂရုဏာသည် မျောက်ကလေးများစီသို့ဖြန့်ကျတ်လိုက်မိသည်။ကျွန်ုပ်၏မဟာဂရုဏာကြောင့် မျောက်ခလေးများကို ပညာသင်ပေးရန်ဆုံးဖြတ်လိုက်လေသည်။

မျောက်ကလေးတော်များများကို ဖီလိုဆိုဖီခေါ်  ဒဿနိကဗေဒကိုသင်ကြားပေးလိုက်သည်။တချို့သော မျောက်ကလေးများအား ဆိုက်ကိုလိုဂျီခေါ်စိတ်ပညာကိုသင်ပေးလိုက်သည်။တချို့တချို့သောမျောက်ကလေးများအား ဘူမိဗေဒ အင်ဂျင်နီယာ ဗေဒင် နက္ခတ် ဘာသာကိုးကွယ်မှု့ အစရှိသောအတတ်ပညာ အသီးသီးတို့ကိုသင်ကြားပေးလိုက်လေသည်။
နှစ်အနဲငယ်ကြာပြီးနောက်  မျောက်ကလေးများသည် တစ်စတစ်စပြောင်းလဲလာလေသည် ထိုပြောင်းလဲမှု့သည်ထူးခြားသောပြောင်းလဲမှု့ဖြစ်မည်ဟုယုံကြည်သောကြောင့် ကျွန်ုပ်သည် မျောက်ကလေးများအား စာမေးပွဲစစ်ကြည့်လေတော့သည်။ထိုအခါကျွန်ုပ်သည် လွန်စွာစိတ်ပျက်ဖွယ်ကောင်းသော အခြေအနေနှင့်ရင်ဆိုင်ရလေတော့သည်။
 ဒဿနိကကို သင်ကြားပေးထားသောမျောက်ကလေးသည် အခုထိ ရုပ် နာမ်မကွဲသေး အတွေးတွေရဲ့လမ်းဆုံးကိုမသိသေး ရှိခြင်း မရှိခြင်းတွေ မှငြင်းခုံနေဆဲပင်ဖြစ်သည်။စိတ်ပညာကိုသင်ပေးထားသော မျောက်ကလေးတချို့သည် ယခုအချိန်ထိ သိစိတ် မသိစိတ်ကိုနားမလည်သေး အိပ်ငိုက်၍အိမ်မက်မက်သည်ကို ဝိညဉ်လွင့်သည် ထင်နေတုန်း။ဘူမိဗေဒ၌လည်း အနည်ကျကျောက် မီးသင့်ကျောက် အသွင်ပြောင်းကျောက်တို့ကို အုပ်စုခွဲပေးသည်ကိုနားမလဲနိုင်ကြသေးပေ။ဘာသာကိုးကွယ်မှု့ဆိုင်ရာအတ်ကိုသင်ကြားပေးထားသောမျောက်ကလေးများမှာလဲ ယခုချိန်ထိ ဘုရားရှိလိုက် မရှိလိုက်နှင့် ပြောင်းလဲနေဆဲ။အစရှိသော ဘာသာရပ်အသီးသီးတို့ကိုသင်ကြားပေးထားသော မျောက်ကလေးများအား စမ်းသပ်ကြည့်ရာ စိတ်ပျက်ဖွယ်သာ အတိဖြစ်နေတော့သည်။

အို..မျောက်ကလေးတို့ သင်တို့အားငါသင်ကြားပေးသော အတတ်ပညာရပ်များသည် သင်တို့ယူဆသလိုမဟုတ် ''အဝင်အထွက် အဖြုတ်အတတ် လွတ်မလွတ် ပြီးမပြီး ''ကိုနားလည်သဘောပေါက်စေရန်ဖြစ်သည်။ထိုသို့ပြောလိုက်သောအခါ မျောက်ကလေးများသည် ကျွန်ုပ်အား ''ကွိ ကွိ ကွ ကွ ကွိ ကွိ ကွ ကွ '' ဟူသော လွန်စွာထူးဆန်းသော စကားဖြင့်ပြန်လည်တုန့်ပြန်ကြလေသည်။

#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ

No comments:

Post a Comment

Featured post

Note::ရှင်ဥက္ကဋ္ဌ နှင့် ဦးမောင် ဝိနိစ္ဆယ များ

#မိစ္ဆာဝါဒကွင်းဆက်များ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို...

Popular posts