Powered By Blogger

Friday, October 13, 2017

===ရွှေရောင်သေတ္တာလေးတလုံး===



လွန်စွာထူးဆန်းလှသော ရွှေရောင်သေတ္တာလေးတလုံးသည် မည်သို့မည်ပုံ ဤကမ္ဘာသို့ရောက်ရှိနေသည်မသိ။မြောက်များစွာသော လူသားတို့သည်၎င်း သေတ္တာလေးနှင့်ပတ်သက်၍ အလွန်အလုပ်ရှုပ်နေကြသည်။
ပို၍ထူးဆန်းသည်မှာ ၎င်းသေတ္တာလေးကို ဖွင့်ကြည့်သူတိုင်း တယောက်တမျိုးအမြင်မတူဖြစ်နေကြခြင်းပင်ဖြစ်သည်။ထိုရွှေရောင်သေတ္တာလေးထဲမှာ ဘာရှိမည်နည်း။
တဦးတယောက်ကတော့ ငါကြည့်တာတော့ဘားမှမတွေ့ဘူး သေချာတယ်ဘားမှမရှိဘူး။

ကြည့်ရှု့သူနောက်တဦးကတော့ မင်းအမြင်ချို့တဲ့နေလို့ဖြစ်မှာပါ အထဲမှာလွန်စွာထူးဆန်းတာလေးရှိတယ်။

တတိယမြောက်လူက ငါကြည့်တာတော့ အထဲမှာတစုံတခုတွေ့တယ် ဒါပေမဲ့ဘားမှမဟုတ်ပါဘူးကွာ။

ဟာမဟုတ်ဘူး ရှိတယ် ရှိတယ် အထဲမှာရှိတယ်ဗျ သိပ်ကြောက်စရာကောင်းတယ် မြန်မြန်စွှန်ပြစ်ပါ ဒီသေတ္တာက အန္တာရာယ်များလွန်းတယ်။

အဲ့လိုတယောက်တပေါက်နဲ့ သူတို့တွေသည့်အရာများကိုပြောဆိုနေကြပြန်သည် ထို့ကြောင့် လွန်စွာပဟေဠိဆန်လှသော ရွှေရောင်သေတ္တာလေး သည် မြောက်များစွာသော လူတို့ကိုဆွဲငင်သိမ်းပိုက်ထားလေသည်။ထိုကဲ့သို့အလုပ်ရှုပ်နေသောမြောက်များစွားသော လူတို့၏အစွှန်အဖျား၌ အေးဆေးတည်ညိမ်စွာထိုင်နေသော ပုဂ္ဂိုလ်တဦးသည် ကြည်လင်ပြတ်သားသောအသံနှင့်လှမ်း၍ပြောလိုက်သည်။

မိတ်ဆွေတို့ဒီရွှေရောင်သေတ္တာလေးရဲ့အဖြေကတော့ ဘားမှမဟုတ်ပါဘူးဗျာ "ကြည့်ရှု့သူရဲ့ အလို  ကြိုက် မကြိုက်တို့ကိုလိုက်ပြီးကြည့်ရှု့သူတိုင်းကို ထင်မြင်ချက်ပေးသော ပုံဖော်ပေးနေတဲ့အရာပါ"သင့်ရဲ့သဏ္ဍန်ထဲမှာဖြစ်တက်တဲ့လိုချင်ခြင်းတွေ မလိုချင်ခြင်းတွေကို သူကသိတယ်။ဒါကြောင့် သေတ္တာလေးကိုဖွင့်ကြည့်မယ်မဆိုရင် မိတ်ဆွေတို့ရဲ့စိတ်မှာ ကြိုက်ခြင်း မကြိုက်ခြင်း မှန်ခြင်းမမှန်ခြင်းတွေနဲ့ဖွင့်မကြည့်ပါနဲ့။သူ့အတိုင်းတိုင်းလေးပဲ ဖွင့်ကြည့်ပါ။

#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ

No comments:

Post a Comment

Featured post

Note::ရှင်ဥက္ကဋ္ဌ နှင့် ဦးမောင် ဝိနိစ္ဆယ များ

#မိစ္ဆာဝါဒကွင်းဆက်များ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို...

Popular posts