Powered By Blogger

Friday, October 13, 2017

=====နီညိုရောင်အဆင်းရှိသော မျောက်ခလေးများ====



လွန်စွာနက်ရှိုင်းလှသော တောကြီးတနေရာ၌ နီညိုရောင်အဆင်းရှိ၍ ကြည်လင်တောက်ပသော မျက်ဝန်းကြီးများရှိသော ကြက်သွေးရောင် မျောက်ခလေး သုံးကောင်သည် အံ့သြော်ဖွယ်ကောင်းသော သိုင်းပညာရပ်များကို အပြင်းအထန်လေ့ကျင့်လျှက်ရှိလေသည်။ထိုမျောက်ခလေး သုံးကောင်သည် အာဟာရသိဒ္ဓိနှင့် ပြည့်ဆုံသော အနက်ရောင်ငှက်ပျောသီးများကိုသာ စားသောက်ကာ နေ့မအားညမအား သိုင်းပညာကိုလေ့ကျင့် စည်းပူးလျှက်ရှိပေသည်။သူတို့၏ ရန်သူဖြစ်သော သေမင်းအား ပြန်တိုက်ခိုက်နိုင်ရန် အမျိုးမျိုးကြံစည်၍ သိုင်းပညာဖြင့် သေမင်း၏နိုင်ငံမှလွတ်မြောက်ရန်ကြိုးစားနေခြင်းကို ကောင်းကင်ဘုံ၌ရှိသော  ရွှေရောင်မျောက်ကြီးတကောင်သည် သတိထားမိသွားလေသည်။

တနေ့တ၌ ထိုရွှေရောင်အဆင်းရှိသောမျောက်ကြီးသည် ၎င်းတို့နေထိုင်ရာတောအုပ်ကြီးသို့ရောက်ရှိလာကာ အို..မျောက်ခလေးတို့ သင်တို့၏သိုင်းပညာသည် အလွန် အဆင့်နိမ့်လှပေသည် သင်တို့သည် သေမင်းကိုယှဉ်ပြိုင်နိုင်မည်မဟုတ် ငါသည်သင်တို့အား သေမင်းကိုအနိုင်ယူနိုင်သော သိုင်းပညာကိုသင်ပေးမည်''ဟုပြောဆိုလေသည် သို့ပေသော်ငြားလည်း ထိုသိုင်းပညာရပ်များသည် သင်တို့၏စိတ်ဆန္ဒပေါ်လည်းလွန်စွာမှီတည်ပေရာ ငါသင်ပေးသော် သိုင်းပညာရပ်များကို သင်တို့ကိုတိုင်ရွှေးချယ်ကြပေလော''ဟုပြောဆို၍ ...

လွန်စွာအံ့သြော်ဖွယ်ကောင်းသော သိုင်းပညာ သုံးရပ်ကိုပို့ချပေးလေတော့သည်။
ထိုသိုင်းပညာရပ်များအနက်

 ပထမဆုံးသောမျောက်ခလေးသည် သေမင်းကိုပြန်လှန်အံ့တုနိုင်စွမ်းရှိသော လွန်စွာအစွမ်းတခိုးတို့နှင့်ပြည်နှက်နေသော ထူးခြားသော သိုင်းပညာရပ်ကိုသင်ယူလေသည်။

ဒုတိယမျောက်ခလေးမှာ မည်သို့ပင်ဆင်းရဲအောင် သေမင်းသည်ပြုလုပ်စေကာမူ ပြန်၍ဆင်ရဲကင်းအောင် ချမ်းသာအောင်ပြုလုပ်နိုင်သော သိုင်းပညာရပ်ကိုသင်ယူလေသည်။

တတိယမျောက်ခလေးမှာ သေမင်းမမြင်နိုင်သော သိုင်းပညာကိုသင်ယူလေသည်။

ထိုမျောက်ခလေးများသည် ရွှေရောင်တောက်ပနေသော မျောက်ကြီးထံမှ ထူးဆန်းသော သိုင်းပညာအသီးသီးတို့ကိုတက်မြောက်သွားကြ၍ သေခြင်းတရားဖြစ်သော ရှင်သေမင်းကို စိန်ခေါ်ရန် မျောက်ကြီးထံ၌ခွင့်ပန်၍ အသီးသီးထွက်ခွာသွားလေတော့သည်။

သို့ပေသော်ငြားလည်း ထိုကြက်သွေးရောင်ရှိသော မျောက်ခလေးများသည် သူ့ပညာသည်သာကောင်းတယ် ငါ့သိုင်းပညာသည်သာအတုမရှိပြိုင်ဘက်ကင်းတယ်ဟု အမျိုးမျိုးယူဆနေကြသည်။နောက်ဆုံး သူတို့သည် အချင်းချင်းမညီမညွတ်ဖြစ်၍ မည်သူ့ရဲ့သိုင်းပညာသည် အကောင်းဆုံးဖြစ်မည်နည်းဟု ငြင်းခုံ၍ သေမင်းကို အံ့တုရန်မကြိုးစားတော့ပဲ  သိုင်းပညာပြိုင်ပွဲကြီးကျင်းပ၍ သိုင်းပညာပြိုင်ဆိုင်လေတော့သည်။ထိုနီညိုရောင်အဆင်းရှိသော မျောက်ခလေးများ၏ သိုင်းပြိုင်ပွဲသည် အံ့သြော်စရာကောင်း၍ လွန်စွာကြောက်မက်ဖွယ်ရာ လက်နက်ဆန်းများနှင့်ပြေ့နှက်နေရာ သိုင်းလောကကြီးတခုလုံးကိုပင်တုန်လှုပ်ခြောက်ခြားပြန့်နှံ့သွားလေသည်။နောက်ဆုံးနီညိုရောင်မျောက်ခလေးများသည် သူတို့၏သိုင်းကွက်များနှင့်ပင် သူတို့ အချင်းချင်းသတ်ဖျက်လိုက်လေတော့သည်။

များမကြာမှီ မျောက်ခလေးများ၏ သိုင်းပညာပြိုင်ပွဲကြီစီသို့ ရွှေရောင်အဆင်းရှိသော မျောက်ကြီးရောက်ရှိလာလေသည်။ထို့နောက်သူသည် သေဆုံးနေသော မျောက်ခလေးများ၏ ခန္ဓာကိုယ်၌ ရှိသော သိုင်းပညာရပ်များကို ထုပ်ယူ၍... လွန်စွာထိတ်လန့်ဖွယ်ကောင်းသော ခန့်မှန်းရန်ခက်လှသော အပြုံးတပွင့်ကို အနဲငယ်ပြုံးလိုက်ကာ ထူးဆန်းအံ့သြော်ဖွယ်ကောင်းသော စကားတခွန်းကို တီးတိုးစွာရွတ်ဆိုလိုက်လေသည်

 '' သေမင်းကိုမမြင်ဘူးပဲ သေမင်းလက်က လွှတ်ချင်တာကို....''

ထိုအခါ ဝိညဉ်တအုပ်သည် ဝုန်းကနဲ ထ၍ပြန်သန်းသွားလေတော့သတည်း။

#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ

No comments:

Post a Comment

Featured post

Note::ရှင်ဥက္ကဋ္ဌ နှင့် ဦးမောင် ဝိနိစ္ဆယ များ

#မိစ္ဆာဝါဒကွင်းဆက်များ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို...

Popular posts